မန်းတိုင်းအတွက် စီ ၈၀၀ ခွဲတမ်း ၆၉၀၀၀ ရောင်းပေးမည်

မန္တလေးတိုင်းဒေသကြီးအတွက် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းကတ် ၆၉၀၀၀ (ခြောက်သောင်းကိုးထောင်) ဒုတိယအကြိမ်အဖြစ် ခွဲတမ်းရရှိတယ်လို့ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။ ဆင်းကတ်တွေကို မေလ ၂၀ ရက်မှာ ရောင်းချပေးမှာဖြစ်တယ်။ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့မှာ ပထမအကြိမ်တုန်းက အိမ်ထောင်စုအပေါ် အခြေခံရောင်းပေးခဲ့တဲ့အတွက် ကျေးလက်တွေက ပိုမိုရရှိခဲ့တာကြောင့် ယခုတစ်ကြိမ်မှာ မြို့ပေါ်ရပ်ကွက်တွေကို ဦးစားပေးရောင်းပေးမယ်လို့ဆိုပါတယ်။
ဧပြီလ ၂၄ ရက်က မန္တလေးတိုင်းဒေသကြီးအတွင်းမှာ စီဒီအမ်အေ ၈၀၀ ဆင်းကတ် ၆၅၀၀၀ ကို ပထမအကြိမ်အဖြစ် ရောင်းချပေးခဲ့ပါတယ်။
Source By The Modern News Journal

Comments

Popular posts from this blog

မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၁၀း၀၀နာရီမိုးဇလ ထုတ်ပြန်ချက်

အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)

၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ