မှန်ဘီလူးပေါင်းများစွာ တပ်ဆင်ထားသော ၁၈၀ဒီဂရီအထိ မြင်နိုင်သည့် ကင်မရာ

             ပျားများနှင့် ပုစဉ်များ၏ မျက်လုံးပုံစံကို အခြေခံပြီး မှန်ဘီလူးပေါင်းများစွာ တပ်ဆင်ထားသော ၁၈၀ဒီဂရီအထိ မြင်နိုင်သည့် ထောက်လှမ်းရေး ကင်မရာသစ်တစ်မျိုးကို အီလီနွိုက်တက္ကသိုလ်မှ ပါမောက္ခဂျွန်ရော်ဂျာ ဦးဆောင်သည့်အဖွဲ့က တီထွင်လိုက်ပြီဖြစ်သည်။ အမေရိကန်သိပ္ပံ ပညာရှင်များ တီထွင်ထားသော အဆိုပါကင်မရာကို သာမာန်ကင်မရာများထက် အမြင်စွမ်းအား ပိုမိုအားကောင်းနိုင်ရန် တီထွင်ထားသည်။ ယင်းကင်မရာဖြင့် ဆေးသုတေသန လုပ်ငန်းများ လုပ်ဆောင်ရန် အထူးသင့်လျော်သည်ဟု သိပ္ပံပါမောက္ခရော်ဂျာက မှတ်ချက်ချသည်။ ၁၈၀ဒီဂရီအထိ မြင်နိုင်သည့် ကင်မရာနှစ်လုံးကိုသာ တွဲဖက်အသုံးပြုမည်ဆိုလျှင် မြင်ကွင်းတစ်ခုလုံးကို ၃၆၀ဒီဂရီအထိ ဘက်စုံမြင်နိုင်သည်ဟု သုတေသီများကဆိုသည်။
 
Source by Swesone Media Group

Comments

Popular posts from this blog

မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၁၀း၀၀နာရီမိုးဇလ ထုတ်ပြန်ချက်

၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ

အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)