ထိုင်းနိုင်ငံက ဆင်းကဒ်အကြောင်း တစ်စေ့တစ်စောင်း

(စာဖတ်သူ ပေးစာ --)

Techspace အာဘော်မဟုတ်ပါဘူး။ Techspace Journal Facebook ကို ပုံမှန်အားပေးနေသူ တစ်ဦးမှ ပေးပို့လာတဲ့ Message လေးပါ။ ထိုင်းနိုင်ငံမျာ လက်ရှိ အသုံးပြုနေရတဲ့ ဆင်းကဒ် အကြောင်းလေး ရေးထားပါတယ်။ ဗဟုသုတလည်းရ အမြင်လည်း ကျယ်စယ်ဖို့ စာဖတ်သူ ပေးစာ အနေနဲ့ တင်ပေးလိုက်ရပါတယ်။
--------------------------------------------------------
--------------------------------------------------------
မြန်မာနိုင်ငံကလဲ ဒီလိုလေးဖြစ်ရင်ကောင်းမှာဘဲ....

ကျွန်တော်ကထိုင်းနိုင်ငံကို ခေတ်တရောက်နေသူပါ....

မိုဘိုင်းဖုန်း Sim card လေးတွေနဲ့ ပါတ်သတ်ပြီးပြောပြပါရစေ... လက်ရှိ ထိုင်းနိုင်ငံမှာ လူသုံးများတဲ့ Sim card လေးတွေကိုမိတ်ဆက်ပါရစေ...

(1) One 2 Call ၀မ်းတူးခေါ် စင်းကဒ်

(2) DTAC ဒီထပ် စင်းကဒ်

(3) True Move စင်းကဒ်ပါ...

ဒီ Sim card သုံးမျိုးစလုံးဟာ ပရိုမိုးရှင်းအသီးသီးနဲ့အရမ်း ကိုသုံး လို့ကောင်းကြပါတယ်.... Sim Card ရဲ့တန်ဖိုးကလည်း ဈေးမကြီးပါဘူး... Sim တစ်ကဒ်ကို နံပါတ်ပါပြီးထား၆၉ ဘတ်နဲ့ဝယ်သုံးရပါတယ်... ဖုန်းဖရီးအနေနဲ့ ၁၅ဘတ်ပါပြန်သေးပါတယ်။

Sim ရဲ့ သက်တမ်းကတော့ တစ်လပေးထားပါတယ်။ အမြို့မြို့ဆိုင်တိုင်းနေရာတိုင်းမှာ ၀ယ်ယူနိုင်ပြီး ငွေဖြည့်ကဒ်များကိုလည်း မိမိတို့ကိုင်ဆောင်ကြသည့် ATM ကဒ်၊ အွန်လိုင်းငွေဖြည့်ပုံး ၊ ငွေဖြည့်ကဒ်အသီးသီးတို့မှထည့်နိုင်ပါတယ်။ ဖုန်းခေါ်ဆိုခမှာ hello ဆိုတာနဲ့ ၂ ဘတ်ကြပြီး နောက်ပိုင်းမိနစ်များမှာ ၇၅ ပြားတာဖြစ်၏။

ထို့ပြင်တစ်ရက် free call ဆို ၉ဘတ် နှင့် တစ်လ free call များ ကိုပါ စမတ်နိုင်ပါသေးတယ်။ ၅၀ ဘတ်တမ်ငွေဖြည့်ယုံဖြင့် သက်တမ်းတစ်လ ရပါတယ်။ ထို့ပြင် မိမိဖုန်းအတွက်သက် တမ်းကိုပါ ကျိုတင်ဝယ်ယူနိုင်ပါသေးတယ်။

True Move Sim card ကဒ်ဆို ပရိုမိုးရှင်းအနေဖြင့် 7 eleven ၂၄နာရီ ဖွင့် စားသောက်ကုန်ဆိုင်လေးတွေမှာ မည့်သည့်ပစ္စည်းဖြစ်ပါစေ ဘတ် ၄၀ ဖိုးဖြစ်ရင် နံပါတ်မပါ True Move sim card ကို ၁ ဘတ်နှုန်းဖြစ် ၀ယ်ယူနိုင်ပါတယ်... ဖုန်းထဲထည့်ပြီး call center ကို ဖုန်းဆက်မှ စာအိတ်ပို့လာပြီး နံပါတ်ရပါတယ်။ ၁ ဘတ်ဆိုတာ အမှန်တော့ ပလတ်စတစ် အိပ်ဖိုးတာဖြစ်ပေမယ့် သူ့ sim ကိုသုံးသူပိုများလာအောင် စီးပွားရေးလှည့် ကွက်ပေါ့... လက်ရှိကျွန်တော်သုံးတာက DTAC sim card ပါ။

အင်တာနက်ကို မည့်မည့်လိုအပ်သလို ၀န်ဆောင်မှုပေးရယူနိုင်ပါတယ်။ လက်ရှိအင်တာနက် သုံးတာ တစ်လအကန့်အသတ်မရှိ 426.90 ပြားပေးရပါ တယ်။ 1 GB လိုင်းအားနဲ့သုံးခွင့်ရပါတယ်... 1 GB ကုန် သွားပါက 64 kbps ဖြင့်သုံးခွင့်ရပါတယ်။ တစ်လလုံးပါ။


လေ့လာခြင်သူများအနေဖြင့် ကျွန်တော်ရေးထားသော Sim Card အမည်လေးများဖြင့် google မှာ ပြန်လည်လေ့လာနိုင်ကြပါတယ်။ ဗဟုသုတအနေဖြင့် ရေးသားခြင်းဖြစ်၏။အနာဂတ်မှာ ကမ္ဘာမှာမြန်မာသည် ရင်ဘောင်တန်းလာမှာပါ

ကိုထိုက်
http://blog.techspace.com.mm/2013/05/blog-post_15.html 
 
Source by Tech Space

Comments

Popular posts from this blog

မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၁၀း၀၀နာရီမိုးဇလ ထုတ်ပြန်ချက်

၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ

အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)