မောင်တောမြို့သည် မုန်တိုင်းစက်ကွင်းအတွင်း ကျရောက်နေသော်လည်း အစွန်ပိုင်းတွင်ဖြစ်သည့်အတွက် အများဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၅၀ အတွင်းသာ တိုက်ခတ်နိုင်ကြောင်း ဒေါက်တာထွန်းလွင် ခန့်မှန်း (မေ ၁၆ ရက် မွန်းလွဲ ၁း၁၇ နာရီ)

Mahasen ဆိုင်ကလုန်းမုန်တိုင်းဟာ ကြိုခန့်မှန်းထားတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဒီကနေ့မနက်ပိုင်းကတည်းက စတင်ဝင်ရောက်နေပြီး၊ မုန်တိုင်းရဲ့ ဗဟိုချက်ကတော့ ညနေပိုင်းမှာ စစ်တကောင်းမြို့အနီးက ဖြတ်ကျော်ဝင်ရောက်တော့မှာဖြစ်ပါတယ်။ ဒီထက်လည်းစော ၀င်ရောက်နိုင်ပါတယ်။

(၁) မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ မြောက်ဖက်ကမ်းခြေ(အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းကမ်းခြေ)အနီးကပ်ခါ အရှေ့မြောက်ဖက်ကိုရွေ့နေတာကြောင့် မုန်တိုင်းရဲ့ အ၀န်းအ၀ိုင်း (periphery) ဟာ ကုန်းတစ်ရေတစ်ဝက် ဖြစ်နေပါတယ်။

(၂) ဒါဟာ မုန်တိုင်းဗဟိုကမ်းကို မဖြတ်သေးသော်လည်း မုန်တိုင်းစက်ကွင်းကတော့ စတင်ဖြတ်နေပြီဖြစ်ပါတယ်။

(၃) မုန်တိုင်းဟာ အရှေ့မြောက်ဖက်ကို ရွေ့လျှားရင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို အနောက်တောင်ဖက်အပိုင်းမှ စတင်ဝင်ရောက်မှာဖြစ်ပါတယ်။

(၄)ဗဟိုချက်ကတော့ ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှင်္နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့အနီးက ဖြတ်ပါလိမ့်မယ်။ ဗဟိုချက်အနီးမှာ လေတိုက်နှုန်း တစ်နာရီ မိုင်(၆၀) နဲ့ လေပုန်းတစ်နာရီ(၇၅)မိုင်နှုန်းတိုက်ခတ်နိုင်ပါတယ်။

(၅) မုန်တိုင်းရဲ့ အချင်းဝက်အကျယ်အ၀န်းဟာ မိုင်(၇၀-၈၀)အထိရှိနိုင်တဲ့အတွက် မောင်တောဟာ မုန်တိုင်းစက်ကွင်းအတွင်း ကျရောက်နိုင်ပါတယ်။
ဒါပေမယ့် အစွန်အဖျားပိုင်းမှာ ဖြစ်မှာမို့လေတိုက်နှုန်းတစ်နာရီ ၄၀-၅၀ မိုင်နှုန်းသာ အများဆုံးရှိနိုင်ပါတယ်။

(၉) လက်ရှိခန့်မှန်းလေတိုက်နှုန်းအရ မုန်တိုင်းဒီရေ ၁ ပေခန့်သာ တက်နိုင်ပါတယ်။

(၁၀) ပင်လယ်ရေလှိုင်းအမြင့် ဗဟိုချက်အနီးမှာ ၁၂ ပေခန့်ရှိနိုင်ပါတယ်။ မြန်မာ့ရေပိုင်နက်အတွင်းမှာ လှိုင်းအမြင့် ၅ ပေမှ ၇ ပေခန့်သာ အများဆုံးရှိနိုင်ပါတယ်။

(၁၁) မုန်တိုင်းရဲ့ အပြင်ဖက်မှာ ခရုပတ်တိမ်(Spiral Band) ဖြစ်နေတဲ့အတွက် ရခိုင်ပြည်နယ်၊ မကွးတိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ယနေ့နေ့လည်မှ နောက်(၂၄)နာရီအတွင်း နေရာစိပ်စိပ် မိုးရွာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)

Comments

Popular posts from this blog

ObjectDock 2.1

Windows Live Messenger 2012 (16.4.3508)

မေလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်