အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)

• အလှအပမှာ သရဖူဆောင်းသူ
• ပထမဆုံး ဇာတ်ကားမှာပင် ရင်သားအစုံကို လှစ်ဟဖော်ပြခဲ့သူ
• အမျိုးသမီး အနုပညာရှင်တွေထဲမှာသရုပ်ဆောင်ကြေး အမြင့်ဆုံးရတဲ့သူ
• ခပ်ပေါ့ပေါ့ မိန်းကလေးတစ်ယောက် အဖြစ်သရုပ်ဆောင်ပြီး အော်စကာရခဲ့သူ
• နိုင်ငံတကာ က ဒုက္ခသည်တွေ အတွက် ရှေ့ဆုံးက ဆောင်ရွက်နေသူ
• လူသားချင်းစာနာရာမှာ ထိပ်ဆုံးမှာရှိသူ
• အိမ်ထောင်နှစ်ဆက်ကို လေးနှစ်စီသာ ပေါင်းသင်းခဲ့ပြီး ကလေးမယူခဲ့သူ
• ချစ်ရတဲ့လက်တွဲဖော်နဲ့ကျမှ လက်မထပ်ဘဲ သားသမီးတွေ ဆက်တိုက်မွေးခဲ့သူ
• ပန်းလှိုင်တို့ ပင်လုံတို့မှာ ကလေးမွေးပြီး မီဒီယာမှာ ကြွားလုံးမထုတ်တတ်သူ
• ဟောလီးဝုဒ်ကို ရှောင်ရှားရင်း နမီးဘီးယားက ဒုက္ခသည်တွေ အနားမှာ သမီးဦးလေးမွေးခဲ့သူ
• အာဖရိကမှ ဒုက္ခသည်များကို ကူညီရင်း အာရှမှ မိဘမဲ့ကလေးတွေကို သွေးသားအရင်းနှင့် ထပ်တူမွေးခဲ့သူ
• ဖခင်နဲ့ တသက်လုံးအဆင်မပြေခဲ့ဘဲ ကိုယ်တိုင်မိဘဖြစ်မှ နားလည်ခဲ့သူ
• မိခင်ရဲ့ သားအိမ်ကင်ဆာကြောင့် လူ့ဘဝစွန့်ခွါသွားခြင်းကို ယူကြုံးမရဖြစ်ခဲ့သူ
• ၈၇ရာနှုန်း ရင်သားကင်ဆာ ၅၀ရာနှုန်း သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ မျိုးရိုးဗီဇ BRCA1 ကို ရှိနေသူ
• သားသမီး ခြောက်ယောက် လူလားမ မြောက်ခင် ကင်ဆာကြောင့်လောကကိုမစွန့်ခွါချင်သူ
• မိခင်လို အဖြစ်မျိုး ဖြစ်သွားမှာကို ဘယ်လိုဖြစ်ဖြစ် ကြိုတင်ကာကွယ်လိုသူ
• ဓာတ်ပုံအရိုက်ခံရင်ကို ဒေါ်လာသန်းချီရနိုင်နဲ့ ရင်သားအစုံကို ခွဲစိတ်စွန့်ပစ်ခဲ့သူ
• အမျိုးသမီးတွေရဲ့ အမွန်မြတ်ဆုံးဖြစ်တဲ့ သားအိမ်ကို တောင် လိုအပ်ရင် စွန့်မည့်သူ
• ဒုက္ခအရောက်ဆုံး နေရာတွေကို အသက်အန္တရာယ်မမှုဘဲ ကူညီပြီး မျိုးရိုးဗီဇလေးတစ်ခုကြောင့် သေမှာကြောက်သူ
• လူသားတွေအတွက်ရော မိခင်တစ်ယောက်အနေနဲ့ ကမ္ဘာမှာ စံပြုထိုက်သူ
• ကိုယ်အဆင်းလှရုံသာမက ဦးနှောက်ကကောင်းပြီး နှလုံးသားက လှလွန်းသူ
• သူ့ရဲ့ဘဝကဘယ်လို ဖြစ်နေပါစေ ကျမ အလေးစားဆုံး အမျိုးသမီးတွေထဲက တစ်ယောက်ပါ

မေပုပ္ပား
၂၀၁၃ မေလ ၁၆ရက်

အေးချမ်းမွန် Credit & Copy From > May Popa <Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
 

Comments

Popular posts from this blog

မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၁၀း၀၀နာရီမိုးဇလ ထုတ်ပြန်ချက်

Firefox 21.0