Heineken ဘီယာအား မြန်မာနိုင်ငံတွင် ထုတ်လုပ်ရောင်းချရန် IBTC ကုမ္ပဏီအား MIC မှ ခွင့်ပြုမိန့်ချပေး

အစိုးရသစ်လက်ထက် ခုနစ်ခုမြောက် အရက်ဘီယာစက်ရုံ တည်ထောင်ခွင့်ကို IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော်မှ ထပ်မံရရှိသွားကြောင်း သတင်းရရှိသည်။

မေ ၁၀ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးမှ Heineken ဘီယာအား ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာတွင် စက်ရုံတည်ထောင်၍ ထုတ်လုပ်ရောင်းချမည့် လုပ်ငန်းအား APB Alliance Brew- ery Co.,Ltd နှင့် Alliance Brewery Co., Ltd (Myanmar)APBM Pte Ltd (Sing-apore) တို့ ပူးပေါင်းထားသည့် ကုမ္ပဏီသို့ လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။

Heineken ဘီယာ ထုတ်လုပ်ခြင်းအပြင် ဆိုဒါ၊ အရက် မပါဝင်သော အဖျော်ရည်နှင့် ဆက်စပ်အဖျော်ရည်များ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများကိုပါ လုပ်ကိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ ကုမ္ပဏီမှာ IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော် လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ကြောင်း၊ ဦးအောင်မိုးကျော် ပိုင်ဆိုင်သည့် ကုမ္ပဏီများမှာ ယခင် MIC လက်ထက်ကလည်း အဖျော်ယမကာ စက်ရုံတည်ထောင်ခွင့် များစွာရရှိခဲ့ဖူးကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်ကလည်း ဦးအောင်မိုးကျော် ပိုင်ဆိုင်သည့် Myanmar Distillery Co.,Ltd နှင့် Beer Chang International Limited တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် အဖျော်ယမကာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ လုပ်ကိုင်ခွင့် ရရှိထားခဲ့ခြင်းဖြစ်ရာ ယခု Heineken ဘီယာနှင့်ဆိုပါက နေရာလေးခုတွင် ဘီယာအပါအ၀င် အဖျော်ယမကာ ထုတ်လုပ်ခွင့် ရရှိထားသူဖြစ်သည်။

Heineken ဘီယာအား မြန်မာနိုင်ငံတွင် ချက်လုပ် ရောင်းချမည့် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ အထိ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်းလည်း နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြထားချက်အရ သိရသည်။

အစိုးရသစ်လက်ထက် ယခင် MIC ဥက္ကဋ္ဌဟောင်း ဦးစိုးသိန်း တာဝန်ယူစဉ်က အရက် ဘီယာ စီးကရက် စက်ရုံများ ချထားပေးခဲ့ပြီး အရက်ဘီယာများအား နေရာခြောက်ခုတွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့် ပေးခဲ့ခြင်းဖြစ်ပြီး ယခု ခုနစ်ခုမြောက်အဖြစ် MIC အဖွဲ့သစ်၏ ပထမဆုံး အစည်းအဝေးတွင် ချထားပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အရက်ဘီယာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်ကို IBTC ပိုင်ရှင် ဦးအောင်မိုးကျော်နှင့် ပတ်သက်သည့် ကုမ္ပဏီများမှလေးခု၊ Myanmar Carlsberg Company မှ တစ်ခု၊ Diamond Mayson Indust- ries Co.,Ltd မှ တစ်ခု၊ ရွှေသံလွင်စက်မှုဇုန်တွင် တည်ထောင်မည့် ဘီယာစက်ရုံ တစ်ရုံတို့ ဖြစ်သည်။
 
Source By Eleven Media Group

Comments

Popular posts from this blog

ObjectDock 2.1

Windows Live Messenger 2012 (16.4.3508)

မေလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်