The Voice Get link Facebook X Pinterest Email Other Apps January 12, 2013 The Voice journal vol 9 no 2 download here Get link Facebook X Pinterest Email Other Apps Comments
နှင်းဆီမေ (ပိုင်သက်ကျော်) May 14, 2013 ၁။ ကျွန်တော်သိတဲ့ စုံတောမြိုင် download ၂။ အမေ့မျက်ရည်ကြွေမှာစိုး download ၃။ မောင့်ဘ၀ဗေဒါ download ၄။ နှင်းဆီမေ download ၅။ မုန်းမေ့သူ download ၆။ ပြန်ပြောချင်တဲ့သံယောဇဉ် download ၇။ တွယ်ရာမဲ့ ပန်းတစ်ပွင့်ရှိုက်သံ download ၈။ ရှိပါစေတော့ download ၉။ ပါးကွက်ကြားလေးနဲ့အညာသူ download ၁၀။ ဇာတ်သိမ်းခန်းလေးပေါင်းချင်တယ် d ownload Read more
ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၅၇၀ ခန့်အကွာ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ May 13, 2013 မေလ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမဟာစင် သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အ နောက်တောင်ဘက် မိုင်၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၅၇၀ ခန့်အကွာ၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့တောင်ဘက် မိုင် ၃၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး မုန်တိုင်း၏ ဗဟိုချက်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင် ၆၀ အထိ ရှိနေသည်။ အဆိုပါ မုန်တိုင်းသည် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကမ်းခြေ ဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တ... Read more
မောင်တောမြို့သည် မုန်တိုင်းစက်ကွင်းအတွင်း ကျရောက်နေသော်လည်း အစွန်ပိုင်းတွင်ဖြစ်သည့်အတွက် အများဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၅၀ အတွင်းသာ တိုက်ခတ်နိုင်ကြောင်း ဒေါက်တာထွန်းလွင် ခန့်မှန်း (မေ ၁၆ ရက် မွန်းလွဲ ၁း၁၇ နာရီ) May 16, 2013 Mahasen ဆိုင်ကလုန်းမုန်တိုင်းဟာ ကြိုခန့်မှန်းထားတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဒီကနေ့မနက်ပိုင်းကတည်းက စတင်ဝင်ရောက်နေပြီး၊ မုန်တိုင်းရဲ့ ဗဟိုချက်ကတော့ ညနေပိုင်းမှာ စစ်တကောင်းမြို့အနီးက ဖြတ်ကျော်ဝင်ရောက်တော့မှာဖြစ်ပါ တယ်။ ဒီထက်လည်းစော ၀င်ရောက်နိုင်ပါတယ်။ (၁) မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ မြောက်ဖက်ကမ်းခြေ(အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းကမ်းခြေ)အနီးက ပ်ခါ အရှေ့မြောက်ဖက်ကိုရွေ့နေတာကြောင့် မုန်တိုင်းရဲ့ အ၀န်းအ၀ိုင်း (periphery) ဟာ ကုန်းတစ်ရေတစ်ဝက် ဖြစ်နေပါတယ်။ (၂) ဒါဟာ မုန်တိုင်းဗဟိုကမ်းကို မဖြတ်သေးသော်လည်း မုန်တိုင်းစက်ကွင်းကတော့ စတင်ဖြတ်နေပြီဖြစ်ပါတယ်။ (၃) မုန်တိုင်းဟာ အရှေ့မြောက်ဖက်ကို ရွေ့လျှားရင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို အနောက်တောင်ဖက်အပိုင်းမှ စတင်ဝင်ရောက်မှာဖြစ်ပါတယ်။ (၄)ဗဟိုချက်ကတော့ ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှင်္နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့အနီးက ဖြတ်ပါလိမ့်မယ်။ ဗဟိုချက်အနီးမှာ လေတိုက်နှုန်း တစ်နာရီ မိုင်(၆၀) နဲ့ လေပုန်းတစ်နာရီ(၇၅)မိုင်နှုန်းတိုက်ခတ်နိုင်ပါတယ်။ (၅) မုန်တိုင်းရဲ့ အချင်းဝက်အကျယ်အ၀န်းဟာ မိုင်(၇၀-၈၀)အထိရှိနိုင်တဲ့အတွက် မောင်တောဟာ မ... Read more
Comments
Post a Comment