ယာဉ်မောင်းအိပ်ငိုက်၍ တံတားအောက်သို့ထိုးကျ





နေပြည်တော်၊ ဧပြီ ၂၂

၂၁-၄-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမိုင်တိုင်အမှတ်(၁၅၄/၂)တွင် ရန်ကုန်မှ နေပြည်တော်သို့ မကွေးမြို့နယ်၊ ပြည်တော်သာအိမ်ရာနေ တက်ထွန်း (၅၇)နှစ် မောင်းနှင်သည့် ၇ဂ/xxxx အေးချစ်မြိုင်ခရီးသည်တင် မှန်လုံယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းကာရံထားသောကပ်တုံးများအား ၀င်တိုက်ကာ တံတားအမှတ်(၁/၁၅၅)အပေါ်မှ အောက်သို့ထိုးကျခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း မှန်လုံယာဉ်မှာ ရှေ့ခေါင်းပိုင်း ကျေမွ၊ လေကာမှန်ကွဲ/ယာဘက်ဘေးမှန်ကွဲပျက်စီးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ တက်ထွန်းအား ဗောဓိကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

Comments

Popular posts from this blog

အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)

၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ