Posts

မုန်တိုင်း MAHASEN လမ်းကြောင်းပြောင်းပြီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းသို့ ဝင်သွားပြီ

Image
မုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက် ကမ်းခြေအား Barisal Division – Barisal မြို့ တောင်ဘက် ၆၂ မိုင်ခန့်အကွာ ကမ်းခြေအား ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်ကြောင်း JTWC နှင့် NRL data update များအရ သိရပါသည်။ ယနေ့ နံနက် ၉ နာရီနောက်ပိုင်းက မူလခန့်မှန်းလမ်းကြောင်းမှ မြောက်ဘက် ၆၈ မိုင်ခန့်သို့ ပြောင်းလဲရွေ့လျားပြီး ကုန်းတွင်းသို့ ဝင်ရောက်သွားခဲ့ကာ ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေပါသည်။ နောက်ဆုံးရရှိသည့် အချက်အလက်များအရ ကုန်းတွင်းမုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အရှေ့တောင်ဘက် မိုင် ၆ဝ ခန့် ကုန်းတွင်း၌ တည်ရှိနေပြီး မကြာမီ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိကာ အားပျော့ပျက်ပြယ်သွားတော့မည်ဟု သိရပါသည်။ 01B MAHASEN ၏ နောက်ဆုံးရ အချက်အလက်များနှင့် တည်နေရာ 16 May 2013 0600Z Location: 23.0 91.0 Winds: 45 knots Central Pressure: 989 hPa By mmweather.ygn, on May 16th, 2013 http://blog.mmweather.com/2013/05/16/cyclonemahasen-made-landfall/

အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)

Image
• အလှအပမှာ သရဖူဆောင်းသူ • ပထမဆုံး ဇာတ်ကားမှာပင် ရင်သားအစုံကို လှစ်ဟဖော်ပြခဲ့သူ • အမျိုးသမီး အနုပညာရှင်တွေထဲမှာသရုပ်ဆောင်ြေ ကး အမြင့်ဆုံးရတဲ့သူ • ခပ်ပေါ့ပေါ့ မိန်းကလေးတစ်ယောက် အဖြစ်သရုပ်ဆောင်ပြီး အော်စကာရခဲ့သူ • နိုင်ငံတကာ က ဒုက္ခသည်တွေ အတွက် ရှေ့ဆုံးက ဆောင်ရွက်နေသူ • လူသားချင်းစာနာရာမှာ ထိပ်ဆုံးမှာရှိသူ • အိမ်ထောင်နှစ်ဆက်ကို လေးနှစ်စီသာ ပေါင်းသင်းခဲ့ပြီး ကလေးမယူခဲ့သူ • ချစ်ရတဲ့လက်တွဲဖော်နဲ့ကျမှ လက်မထပ်ဘဲ သားသမီးတွေ ဆက်တိုက်မွေးခဲ့သူ • ပန်းလှိုင်တို့ ပင်လုံတို့မှာ ကလေးမွေးပြီး မီဒီယာမှာ ကြွားလုံးမထုတ်တတ်သူ • ဟောလီးဝုဒ်ကို ရှောင်ရှားရင်း နမီးဘီးယားက ဒုက္ခသည်တွေ အနားမှာ သမီးဦးလေးမွေးခဲ့သူ • အာဖရိကမှ ဒုက္ခသည်များကို ကူညီရင်း အာရှမှ မိဘမဲ့ကလေးတွေကို သွေးသားအရင်းနှင့် ထပ်တူမွေးခဲ့သူ • ဖခင်နဲ့ တသက်လုံးအဆင်မပြေခဲ့ဘဲ ကိုယ်တိုင်မိဘဖြစ်မှ နားလည်ခဲ့သူ • မိခင်ရဲ့ သားအိမ်ကင်ဆာကြောင့် လူ့ဘဝစွန့်ခွါသွားခြင်းကို ယူကြုံးမရဖြစ်ခဲ့သူ • ၈၇ရာနှုန်း ရင်သားကင်ဆာ ၅၀ရာနှုန်း သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ မျိုးရိုးဗီဇ BRCA1 ကို ရှိနေသူ • သားသမီး ခြောက်ယောက် လူလားမ မြောက်ခင် ကင်ဆာကြောင့်လောကကိုမစွန့်ခ

Bunny Phyo songs

Image
  ၁။ အလွမ်းပြေအနမ်း  download ၂။ ဘာတွေဖြစ်ဖြစ်  download ၃။ ချစ်တယ်ဟုတ်  download ၄။ နှစ်ဖက်လှ  download ၅။ ဟိုအရင်လို  download ၆။ ကိုယ့်အနားနေပါ  download ၇။ ယုံကြည်ပေးပါ  download  

မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ Updated

ကျောက်ဖြူ (မေလ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီ) ကျောက်ဖြူမြို့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ် ကျောက်ဖြူမြို့တွင် မေလ ၁၆ ရက် နေ့ နံနက်ပိုင်းကသာ မိုးရွာသွန်းခဲ့ပြီး လက်ရှိတွင် မိုးရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများ မရှိကြောင်း သိရသည်။ မေလ ၁၅ ရက်နေ့ ညနေပိုင်းက မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ သတိပေးမှုများလည်း မြို့ပေါ်တွင် ပြုလုပ်ခဲ့ပြီး လေပြင်းအန္တရာယ်တွေ့ ကြုံနိုင်ခြေရှိသောရပ်ကွက်အချို့ မှ ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့မှု ပြုလုပ်ထားကြောင်း Eleven Media Group ၏ သတင်းထောက်က သတင်းပေးပို့ခဲ့သည်။

ObjectDock 2.1

Description          ObjectDock is a program that adds a skinnable dock to your Windows desktop. It is one of the most popular desktop enhancement programs available.        ObjectDockâ„¢ is a program that enables users to organize their shortcuts, programs and running tasks into an attractive and fun animated Dock. By allowing users to have more control over how they organize their desktop, users can take control of their desktop icons and shortcuts to have them be available when where and how they need them. This, all with the unique style and top-rate performance that ObjectDock is known to deliver!       In constant development, ObjectDock and ObjectDock Plus are enhanced often to provide the most unique features of any stylized shortcut organizer / launcher available. Download here

မောင်တောအနီး မုန်တိုင်းစတင်ဖြတ်

Image
  မဟာစင်မုန်တိုင်းသည် ယခုအခါ ဘင်္ဂလားဒေ့ရှ်ကမ်းခြေနှင့် မောင်တောကမ်းခြေကို စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း မိုးဇလမှ သတင်းထုတ်ပြန်သည်။ မဟာစင်မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ပြီး မုန်တိုင်း၏ ရှေ့ပြေး အဖြစ် မောင်တောမြို့နယ်ကမ်းခြေတွင် မိုးရွာသွန်းပြီး လေပြင်းအနည်းငယ်တိုက်ကာ မုန်တိုင်းဒီရေစတင်တက်နေပြီ ဖြစ်ကြောင်း မိုး/ဇလမှ သတင်းရရှိသည်။ မောင်တောကမ်းခြေသို့ မုန်တိုင်းဝင်ရောက်စဉ် လေတိုက်နှုန်း တစ်နာရိမိုင် ၆၀ မှ ၇၀ ခန့်တိုက်ခတ်နေပြီး မုန်တိုင်းကြောင့် ဒီရေလှိုင်းအန္တရာယ် သတိထားသင့်ကြောင်း မိုး/ဇလ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။ ၆ နာရီအတွင်း မုန်တိုင်းသည် ကမ်းခြေဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းသို့ တစ်နာရီလျှင် လေတိုက်နှုန်း ၆၀ ၊ ၇၀ မိုင်နှုန်းဖြင့် ၀င်ရောက်နိုင်ကြောင်း ဦးချစ်ကျော်က မွန်းလွှဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပြောသည်။ ထို့ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်များတွင် လျပ်တပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် မြစ်ကမ်းပါးအနီးနေထိုင်သူများနှ င့် တောင်ကုန

မောင်တောမြို့သည် မုန်တိုင်းစက်ကွင်းအတွင်း ကျရောက်နေသော်လည်း အစွန်ပိုင်းတွင်ဖြစ်သည့်အတွက် အများဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၅၀ အတွင်းသာ တိုက်ခတ်နိုင်ကြောင်း ဒေါက်တာထွန်းလွင် ခန့်မှန်း (မေ ၁၆ ရက် မွန်းလွဲ ၁း၁၇ နာရီ)

Mahasen ဆိုင်ကလုန်းမုန်တိုင်းဟာ ကြိုခန့်မှန်းထားတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဒီကနေ့မနက်ပိုင်းကတည်းက စတင်ဝင်ရောက်နေပြီး၊ မုန်တိုင်းရဲ့ ဗဟိုချက်ကတော့ ညနေပိုင်းမှာ စစ်တကောင်းမြို့အနီးက ဖြတ်ကျော်ဝင်ရောက်တော့မှာဖြစ်ပါ တယ်။ ဒီထက်လည်းစော ၀င်ရောက်နိုင်ပါတယ်။ (၁) မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ မြောက်ဖက်ကမ်းခြေ(အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းကမ်းခြေ)အနီးက ပ်ခါ အရှေ့မြောက်ဖက်ကိုရွေ့နေတာကြောင့် မုန်တိုင်းရဲ့ အ၀န်းအ၀ိုင်း (periphery) ဟာ ကုန်းတစ်ရေတစ်ဝက် ဖြစ်နေပါတယ်။ (၂) ဒါဟာ မုန်တိုင်းဗဟိုကမ်းကို မဖြတ်သေးသော်လည်း မုန်တိုင်းစက်ကွင်းကတော့ စတင်ဖြတ်နေပြီဖြစ်ပါတယ်။ (၃) မုန်တိုင်းဟာ အရှေ့မြောက်ဖက်ကို ရွေ့လျှားရင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို အနောက်တောင်ဖက်အပိုင်းမှ စတင်ဝင်ရောက်မှာဖြစ်ပါတယ်။ (၄)ဗဟိုချက်ကတော့ ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှင်္နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့အနီးက ဖြတ်ပါလိမ့်မယ်။ ဗဟိုချက်အနီးမှာ လေတိုက်နှုန်း တစ်နာရီ မိုင်(၆၀) နဲ့ လေပုန်းတစ်နာရီ(၇၅)မိုင်နှုန်းတိုက်ခတ်နိုင်ပါတယ်။ (၅) မုန်တိုင်းရဲ့ အချင်းဝက်အကျယ်အ၀န်းဟာ မိုင်(၇၀-၈၀)အထိရှိနိုင်တဲ့အတွက် မောင်တောဟာ မ