ရခိုင်မှာ အရေးပေါ် ဆက်သွယ်ရေးစနစ်ထူထောင်ရေးဆပ်ကော်မတီဖွဲ့စည်း

စစ်တွေ၊ မေ ၁၄
ရခိုင်ပြည်နယ်မှာ ဆက်သွယ်ရေးမပြတ်သွားအောင် ပြည်နယ်အစိုးရက အရေးပေါ် ဆက်သွယ်ရေးစနစ်ထူထောင်ရေးဆပ်ကော်မတီဖွဲ့စည်း ကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။ မုန်တိုင်းတိုက်ပြီးနောက် ဆက်သွယ်ရေးတွေမပြတ်သွားအောင်ဖွဲ့စည်းတာဖြစ်တယ်လို့ဆိုတယ်။
ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ ခုမှာ ဂြိုလ်တုဆက်သွယ်ရေးမပြတ်အောင် အိုင်ပီစတားတွေ တပ်လိုက်ပြီး တပ်မတော်လေယာဉ်နဲ့ အရန်နှစ်လုံးထားထားပေးတယ်လို့ ပြည်နယ်အစိုးရဲ့ သတင်းနှင့်ပညာပေးရေးဆပ်ကော်မတီက သိရပါတယ်။ မုန်တိုင်းကြောင့် တာဝါတိုင်ပြိုလဲသွား၇င် အိုင်ပီစတားနဲ့ ဆက်သွယ်နိုင်အောင် ဂြိုလ်တုဆက်သွယ်ရေးတွေကို အရေးပေါ်အဖြစ် တပ်ဆင်ပေးထားတာဖြစ်တယ်။
      ရခိုင်ပြည်နယ်မှာ အခုလက်ရှိ ဆက်သွယ်ရေးလိုင်းတွေက ဂျီအက်စ်အမ်၊ ဒဗလျူစီဒီအမ်အေ၊ စီဒီအမ်အေ၊ တပ်မတော်ဖိုင်ဘာလမ်းကြောင်းတို့ရှိပါတယ်။
Source By The Modern News Journal

Comments

Popular posts from this blog

မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၁၀း၀၀နာရီမိုးဇလ ထုတ်ပြန်ချက်

၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ

အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)