မုန်တိုင်း MAHASEN လမ်းကြောင်းပြောင်းပြီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းသို့ ဝင်သွားပြီ

မုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက် ကမ်းခြေအား Barisal Division – Barisal မြို့ တောင်ဘက် ၆၂ မိုင်ခန့်အကွာ ကမ်းခြေအား ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်ကြောင်း JTWC နှင့် NRL data update များအရ သိရပါသည်။

ယနေ့ နံနက် ၉ နာရီနောက်ပိုင်းက မူလခန့်မှန်းလမ်းကြောင်းမှ မြောက်ဘက် ၆၈ မိုင်ခန့်သို့ ပြောင်းလဲရွေ့လျားပြီး ကုန်းတွင်းသို့ ဝင်ရောက်သွားခဲ့ကာ ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေပါသည်။ နောက်ဆုံးရရှိသည့် အချက်အလက်များအရ ကုန်းတွင်းမုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အရှေ့တောင်ဘက် မိုင် ၆ဝ ခန့် ကုန်းတွင်း၌ တည်ရှိနေပြီး မကြာမီ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိကာ အားပျော့ပျက်ပြယ်သွားတော့မည်ဟု သိရပါသည်။

01B MAHASEN ၏ နောက်ဆုံးရ အချက်အလက်များနှင့် တည်နေရာ
16 May 2013 0600Z
Location: 23.0 91.0
Winds: 45 knots
Central Pressure: 989 hPa
By mmweather.ygn, on May 16th, 2013
http://blog.mmweather.com/2013/05/16/cyclonemahasen-made-landfall/

Comments

Popular posts from this blog

မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၁၀း၀၀နာရီမိုးဇလ ထုတ်ပြန်ချက်

၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ

အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)