မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၁၀း၀၀နာရီမိုးဇလ ထုတ်ပြန်ချက်
ယနေ့ မြန်မာစံတော်ချိန် (၀၉း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွ င် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏အနောက်ဘက်မိုင်(၁ ၂၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(စစ်တကောင်း မြို့ )၏ အနောက်တောင်ဘက် မိုင်(၁၃၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံ၊ မောင်တောမြို့အကြားမှ ကမ်းခြေကို ယနေ့မွန်းလွဲပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာအနီရောင် အရေးပေါ်အခြေအနေသို့ ရောက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MA HASEN)သည် ကမ်းခြေသို့ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့်မြင့်တက်နိုင် သော ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ်ကမ်းခြေတွင် (၈)ပေမှ(၁၀)ပေခန့်၊
Comments
Post a Comment