မှန်ဘီလူးပေါင်းများစွာ တပ်ဆင်ထားသော ၁၈၀ဒီဂရီအထိ မြင်နိုင်သည့် ကင်မရာ

             ပျားများနှင့် ပုစဉ်များ၏ မျက်လုံးပုံစံကို အခြေခံပြီး မှန်ဘီလူးပေါင်းများစွာ တပ်ဆင်ထားသော ၁၈၀ဒီဂရီအထိ မြင်နိုင်သည့် ထောက်လှမ်းရေး ကင်မရာသစ်တစ်မျိုးကို အီလီနွိုက်တက္ကသိုလ်မှ ပါမောက္ခဂျွန်ရော်ဂျာ ဦးဆောင်သည့်အဖွဲ့က တီထွင်လိုက်ပြီဖြစ်သည်။ အမေရိကန်သိပ္ပံ ပညာရှင်များ တီထွင်ထားသော အဆိုပါကင်မရာကို သာမာန်ကင်မရာများထက် အမြင်စွမ်းအား ပိုမိုအားကောင်းနိုင်ရန် တီထွင်ထားသည်။ ယင်းကင်မရာဖြင့် ဆေးသုတေသန လုပ်ငန်းများ လုပ်ဆောင်ရန် အထူးသင့်လျော်သည်ဟု သိပ္ပံပါမောက္ခရော်ဂျာက မှတ်ချက်ချသည်။ ၁၈၀ဒီဂရီအထိ မြင်နိုင်သည့် ကင်မရာနှစ်လုံးကိုသာ တွဲဖက်အသုံးပြုမည်ဆိုလျှင် မြင်ကွင်းတစ်ခုလုံးကို ၃၆၀ဒီဂရီအထိ ဘက်စုံမြင်နိုင်သည်ဟု သုတေသီများကဆိုသည်။
 
Source by Swesone Media Group

Comments

Popular posts from this blog

ထိုင်းနိုင်ငံက ဆင်းကဒ်အကြောင်း တစ်စေ့တစ်စောင်း

မုန်တိုင်း MAHASEN လမ်းကြောင်းပြောင်းပြီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းသို့ ဝင်သွားပြီ

Flash Player 11.7.700.202 (IE)