စစ်တွေမြို့နယ်က ဒုက္ခသည် နှစ်သောင်း မုန်တိုင်းလွတ်ရာကို ရွှေ့ပေး
စစ်တွေ၊ မေ ၁၄
စစ်တွေမြို့နယ်မှာရှိတဲ့ ဒုက္ခသည် နှစ်သောင်းကို မုန်တိုင်းလွတ်ရာနေရာသို့ သည်နေ့မနက် ရွှေ့ပေးနေပါတယ်။ မြေပြင်မှာရွက်ဖျင်တဲတိုးနေထိုင်တဲ့ ဒုက္ခသည်တွေကို အဲသည်အနီးတစ်ဝိုက်ရှိ အိမ်ကြီးတွေကိုရွှေ့ပေးထားတာဖြစ်တယ်။ စစ်တွေမြို့နယ်မှာ ဒုက္ခသည်စခန်း ၁၁ ခုရှိပြီး ဒုက္ခသည်ပေါင်း ခုနှစ်သောင်းဝန်းကျင်ရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရ ရဲ့ သတင်းနှင့် ပညာပေးရေးဆပ်ကော်မတီထံကသိရပါတယ်။ တကယ်လို့ မုန်တိုင်းအားက ပြင်းထန်ရင် ခိုင်မာတဲ့နေရာရွှေ့ဖို့ အဓိက check point ထားပေးပါတယ်။ မောင်တောမှာရှိတဲ့ ဘင်္ဂါလီဒုက္ခသည်တွေကိုလည်း ရေမရောက်နိုင်တဲ့ ကုန်းတွေပေါ်နဲ့ မေယုတောင် ဘက်ကိုရွှေ့ပေးထားပါတယ်။ စစ်တွေမြို့မှာ မနက် ၅း၃၀ နာရီက အဆက်မပြတ်မိုးရွာသွန်းနေပါတယ်။
တစ်မြို့လုံး အုံ့ဆိုင်းပြီး နေ့လည် ၂း၀၀နာရီထိ
မိုးသည်းထန်စွာရွာတာမျိုးမဟုတ်ဘဲ မိုးဖွဲ့ဖွဲ့အဆက်မပြတ်ရွာနေပါတယ်။
Source by The Modern News Journal
စစ်တွေမြို့နယ်မှာရှိတဲ့ ဒုက္ခသည် နှစ်သောင်းကို မုန်တိုင်းလွတ်ရာနေရာသို့ သည်နေ့မနက် ရွှေ့ပေးနေပါတယ်။ မြေပြင်မှာရွက်ဖျင်တဲတိုးနေထိုင
Source by The Modern News Journal
Comments
Post a Comment