ကဗျာ ၁


နင်နဲ့ငါကြားမှာ ..
ဆင်းရဲတာ ချမ်းသာတာ ဘာပကာသနတွေမှမလိုဘူး ။
နင်နဲ့ငါကြားမှာ ..
အသိုင်းအဝိုင်းခြားနားချက်တွေမလိုဘူး ။
နင်နဲ့ငါကြားမှာ ..
ဘေးလူတွေရဲ့သွေးခွဲစကားတွေမလိုဘူး ။
အဲဒါ ငါတို့နှစ်ယောက်ရဲ့ခံယူချက်ပဲ ..

နင်စိတ်ကောက်နေရင် ငါပြန်ချော့မယ် ..
နင်သဝန်တိုနေရင် ငါအနေအထိုင်ဆင်ခြင်ပေးမယ်..
နင်နဲ့ငါ သုံးစရာပိုက်ဆံပြတ်နေရင်တစ်ယောက်နဲ့တစ်ယောက် မျှဝေသုံးကြမယ် ..
နင်သွားချင်တဲ့နေရာ ငါလိုက်ပို့မယ် ..
နင်ဖြစ်စေချင်တဲ့အရာ တတ်နိုင်သမျှ ငါဖြည့်ဆည်းပေးမယ် ..
အဲဒါ ငါတို့၂ယောက်ဖြတ်သန်းနေတဲ့ရိုးရိုးရှင်းရှင်းဘဝရဲ့မှတ်တမ်းလေး ...

တစ်ခါတစ်လေမှာ ရန်တွေဖြစ်မယ် ..
တစ်ခါတစ်လေမှာ စိတ်ပျက်စရာတွေပါကောင်းပါလာနိုင်မယ် ..
အဆင်မပြေတာတွေကြုံလာတဲ့အခါ ပျော်ရွှင်မှုဆိုတာနည်းကောင်းနည်းလာလိမ့်မယ် ..
ဒါပေမယ့် ငါတို့၂ယောက် ယုံကြည်နားလည်ပေးမှုနဲ့ အတူတယောက်လက်ကိုတယောက်မြဲမြဲဆုပ်ကိုင်ထားးကြေး ..
အဲဒါ ငါတို့၂ယောက်သတ်မှတ်ထားတဲ့ အချစ်စစ် ဆိုတဲ့အရာပဲ ....

Comments

Popular posts from this blog

နှင်းဆီမေ (ပိုင်သက်ကျော်)

ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၅၇၀ ခန့်အကွာ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

Adobe Reader 11.0.02